Dec 31, 2009

နှစ်သစ် ၂၀၁၀

နှစ်ဟောင်းကို စွန့်ခွာလို့ နှစ်သစ်ကိုရောက်တော့မယ်
ပြက္ခဒိန်တွေလည်း ဟောင်းလို့ ဂဏန်းတွေလဲပြောင်းကုန်ပြီ
အသစ်တွေပြန်စ ခြေလမ်းတွေ အပြတ်ကြွလို့
နှစ်သစ်ကို စိတ်သစ်နဲ့ လှမ်းပါ့စို့................

``နှစ် သစ် မှာ အား လုံး ပဲ ပျော် ရွှင် ပါ စေ....´´
" H a p p y N e w Y e a r , 2 0 1 0 "




Dec 30, 2009

ကာရံမဲ့ချစ်သူ

ကိုယ့်ရဲ့ ဂရုစိုက်မှုဟာ မင်းအတွက် အနှောင့်အယှက်များဖြစ်နေလားကွာ..။ ဝေးဝေးက လှမ်းကြည့်နေယုံနဲ့ ကျေနပ်နေသူ တစ်ယောက်ကိုတောင် မင်းစိတ်ထဲမှာ အနှောင့်အယှက်ဖြစ်နေမယ် ဆိုရင် မင်းမြင်ကွင်းရဲ့ မမြင်ကွယ်ရာမှာ ပုန်းရှောင်ပေးနေပါ့မယ်.။ ငါ့ရဲ့ နွေးထွေးတဲ့ နှလုံးသားဟာ မင်းရဲ့ အေးစက်တဲ့ အကြည့်တွေကြောင့် ရုတ်တရက် အက်ကွက်သွားတယ်.။ မင်းရဲ့ အပြုံးတွေကို ပျက်သုံးစေတဲ့ ငါ့ရဲ့ အချစ်တွေအတွက် .. ``ငါ......ောင်းန်ပါယ်ကွာ´´




Dec 28, 2009

ကာရဲ့မဲ့ခဲ့သော အချစ်

အချစ်ဆိုတာ ဖန်တီးယူလို့မရဘူးတဲ့.... ကိုယ်ကိုယ်တိုင် ခံယူထားတဲ့ အမှန်တရား တစ်ခုပါ.။ ဖန်တီးယူလို့ မရသလို မေ့ပျောက်ဖို့လဲ မလွယ်ကူလှဘူးဗျာ.။ မထင်မှတ်တဲ့ ဆုံတွေမှုတွေက မထင်မှတ်တဲ့ အမှတ်တရတွေ ဖြစ်ခဲ့ပြီးတဲ့ နောက်ပိုင်း မင်းရဲ့ ပုံရိပ်တွေ ငါ့စိတ်မှာ အမြဲတမ်း လွှမ်းမိုးနေခဲ့တာ..။ အမှတ်တမဲ့ ခိုဝင်လာတဲ့ မင်းရဲ့ ယုယမှုတွေ.၊ မင်းရဲ့ အပြုံးတွေ .။ လူတိုင်းအပေါ် အနိုင်ယူတတ်တဲ့ ငါ့ရဲ့စိတ်ကို မင်းအနိုင်ယူလို့ ငါ့ကို ဒူးထောက် ခစားစေခဲ့တယ်.။

မုန်တိုင်း ထန်ပြီးရင် လေပြေတွေ လာတတ်တယ်တဲ့... လူတွေ ပြောကြတယ်.။ ဒါပေမယ့် မုန်းတိုင်း တွေကြောင့် ပျက်စီး သွားတဲ့ ဆုံးရှုံးမှုတွေကို ဘယ်လို ဖြေသိမ့်မလဲ..။ လေပြေတွေနဲ့ ငြိမ်သက်သွားတဲ့ အချိန်တွေ ကြာခဲ့တာတောင် ငါတို့ရဲ့ ဆုံးရှုံးမှုတွေဟာ အသားမကျ ခဲ့သေးဘူးကွား...။ ဒဏ်ရာဆိုတာ ပျောက်သွား ခဲ့ရင်တောင် အမာရွတ်လေး ကျန်တတ်တာ ငါသိသလို ငါ့တို့ နှစ်ယောက်ကြားက ဒဏ်ရာတွေ ဟာလည်း အမာရွတ်တွေ ထင်ကျန်နေတော့...။ အမာရွတ်ဆိုတာ ဒဏ်ရာဖြစ်စေတဲ့ အကြောင်းကို ပြန်ဖော်ပေးတဲ့ ဗီဒီယို မှတ်တမ်းတစ်ခု ဆိုရင် အဲဒီ မှတ်တမ်းခွေလေး ပျက်စီး သွားရင် ကောင်းမယ်.။ အရင်ကလို ပြန်မဖြစ်နိုင် တော့ရင်တောင် အမုန်းမရှိတဲ့ မင်းရဲ့ အဖြူသက်သက် အပြုံးတွေကို ငါမျှော်လင့်မိတယ်.။

ငါသာ မင်းကို ပြောခွင့်ရှိအုံးမယ်ဆိုရင်...........
``........ချစ်တယ်ကွာ.......´´




Dec 26, 2009

ကာရံမဲ့ အိပ်မက်


အလိုလိုကျဆင်းလာတဲ့ မျက်ရည်တွေကို ငါမထိန်းချုပ်နိုင်ခဲ့ဘူး..။ အခန်းကျဉ်းလေးတစ်ခုက ထောင့်တစ်နေရာမှာ ထိုင်နေရင်း. ပြတင်း တံခါး တစ်ပေါက်ကို ငါဦးတည် ငေးမောနေမိတယ်.။ ညင်သာစွာ တိုးဝင်လာတဲ့ လေနုအေးက ငါ့ကိုပြောသွားတယ်.. ....ဝမ်းနည်းနေလားတဲ့.... ။

အကြိမ်ကြိမ် ကြားယောင်နေမိတဲ့ မင်းရဲ့အသံ. အကြိမ်ကြိမ် မြင်ယောင်နေမိတဲ့ မင်းပုံရိပ်တွေ ငါမေ့ပျောက်ဖို့ အချိန်တန်ပြီထင်တယ်.။ အကြိမ်ကြိမ် ငါကြိုးစားခဲ့ပေမယ့် ရေပြင်ပေါ် အရုပ်ရေးဆွဲသလိုပဲ အရာမထင်ခဲ့ဘူးကွာ..။ အရင်က မင်းပေးခဲ့တဲ့ အမှတ်တမဲ့တွေက အခုတော့ ငါ့အတွက် အမှတ်တရတွေ ဖြစ်နေတာ မင်းဘက်ကရော နားလည်ပေးနိုင်ပါ့မလား..။ ထားလိုက်ပါတော့လေ.... အရာရာ မတည်မြဲတတ်တဲ့ လောကကြီးမှာ မတည်မြဲမှုကို ကြုံတွေ့ရမှာမို့ ရဲရဲကြီး ရင်ဆိုင်ရမှာပဲ. . . . . .။

သက်ပြင်းတစ်ချက် ရှုရှိက်ပြီး.. ငါ့ခန္ဓာ ထလိုက်တဲ့အချိန် ငါ့ကိုယ်ပေါ်က ရုန်းထွက်သွားတဲ့ စာအိတ်တစ်အိတ်.. ငါငုံ့မကြည့်ချင်ဘူး.။ ငါမျက်နှာလွဲကျောခိုင်းခဲ့ပေမယ့် ငါ့ရင်ထဲမှာ လိုက်လာခဲ့တယ်.. အလွမ်းတွေ...။ ဖြေးညှင်းစွာ လျှောက်လှမ်းလာခဲ့တဲ့ ငါ့ခြေထောက်တွေ ဘယ်ကို ဦးတည်နေခဲ့တာလဲ.။ ငါမြင်နေရတယ် အလင်းတန်းလေးတစ်ခု...... ဆူးရှတောက်ပလျက်................. ငါ့မျက်လုံးအစုံဖွင့်...... အိပ်ယာမှ နိုးထခဲ့ပြီ...............။




Dec 25, 2009

ကာရံမဲ့ သင်ခန်းစာ



မသိတတ်သေးတဲ့ နှလုံးသားကို လှုပ်နှိုးလို့
ကဗျာတွေ ရေးတတ်အောင် သင်ပေးခဲ့တယ်...။

မခံစားတတ်သေးတဲ့ နှလုံးသားကို လှုပ်နှိုးလို့
အချစ်တွေကို ခံစားစေခဲ့တယ်...။

အမှတ်တရတွေ မရှိသေးတဲ့ နှလုံးသားကို
အမှတ်တရတွေ ပေးစွမ်းခဲ့တယ်.။

သတိမရတတ်တဲ့ ငါ့ရဲ့အကျင့်ကို
သတိရအောင် ပြောင်းလဲပေးခဲ့တယ်.။

အရာအားလုံးကို သင်ပေးခဲ့တဲ့မင်းက
ငါ့ရဲ့အဝေးကိုထွက်ခွာပြီး နောက်ဆုံးသင်ခန်းစာ
အလွမ်းဆိုတာကို သင်ကြားပေးခဲ့တာလားကွာ.....။

Dec 24, 2009

Merry Christmas!!


ငွေအစင်းရောင် မြူနှင်းဝေတဲ့
ဒီဇင်ဘာလရဲ့ ၂၅ ရက်အချိန် ညချမ်း
ရောင်စုံမီးတို့ ဆင်ရင်ထားတဲ့
ထင်းရှုးပင်ထိပ်က လင်းလက်နေတဲ့ ကြယ်လေးတစ်ပွင့်
တေးသံသာတို့ ဟစ်ကျူး ပျော်မြူးနေတဲ့ လူတွေ
သူသူ ငါငါ အပြုံးပန်းပွင့်နေတဲ့ မျက်နှာများဖြင့်
ဒီညလေးတစ်ည ကုန်ဆုံးစေသား.......

"Merry Christmas to you all....!!!"

Dec 18, 2009

ကာရံမဲ့ နှလုံးသား

ဟန်ဆောင်အပြုံးတုနဲ့
မင်းရဲ့ အချစ်တွေကို ငါဖမ်းစားနိုင်ခဲ့ပေမယ့်
မင်းရင်ထဲက အချစ်စစ်တွေကို ငါမမြင်နိုင်ခဲ့ဘူး..။
ငါ့ရဲ့ အပြုံးတွေ စစ်မှန်လာတဲ့အချိန်
မင်းရဲ့ အချစ်တွေကို ငါမြင်နိုင်ခဲ့ပေမယ့်
မင်းရဲ့ အကြည့်တွေ အေးစက်လာသလိုပဲ.။
ကိုယ်ကိုယ်တိုင် မသိလောက်အောင်
ကျိုးနွံခဲ့တဲ့ ငါ့ရဲ့နှလုံးသားတစ်ခု
နောက်ထပ် အချစ်ကို မမြင်တွေ့နိုင်တော့တဲ့အချိန်မှာ.....
ကာရံမလှတဲ့ အဆုံးသတ်နဲ့...........

Dec 16, 2009

ကာရံမဲ့

ကာရံမဲ့ ရောက်ရှိလာတဲ့ လောကဒဏ် စီးချက်တွေအတိုင်း ကာရံညီ လိုက်ကရင်း ဘ၀ကို ဖျက်သန်းလျက်ပါ.. စီးချက်တွေအတိုင်း မှန်ကန်တဲ့ ကကွက်တွေကို ဖန်တီးနိုင်ခဲ့သလို စီးချက်တွေအတိုင်း မလိုက်နိုင်တဲ့အခါ ငါ့ဘ၀ ကကွက်တွေ ရိန်းယိုင်သွားခဲ့ဖူးပါတယ်.။ ဘယ်လိုပဲ ရိန်းယိုင်သွားပါစေ တချို့ကကွက်တွေကို လဲမကျအောင် ငါထိန်းခဲ့ပါတယ်.. ဒါပေမယ့်.. တစ်ခုပါပဲ. ငါမထိန်းနိုင်ခဲ့ဘူး................. ပြန်မထနိုင်လောက်အောင် ငါလဲကျသွားခဲ့ပြီ...................။ ငါ့ရဲ့ဘ၀ကြီး ကာရံမဲ့သွားခဲ့ပြီပဲ.................။

CBox

About Me

My photo
လူတွေထဲက လူဆိုပေမယ့် လူအများစုနဲ့ ကွဲပြားနေပါတယ်.။ ဆန့်ကျင်တဲ့ အမြင်တွေ မရှိပေမယ့် ဆန့်ကျင်ဘက် ဘ၀နဲ့..........