Oct 19, 2011

Blogger Favorite

Celebrity Favorite မှာ ပြောခွင့်မရှိပေမယ့် ကိုယ့်ရဲ့ Blog မှာတော့ ကိုယ့် Favorite တွေကို ပြောခွင့်ရှိပါတယ်နော်.။ ဟဲဟဲ.. ဒါဆိုစပြီနော်.
အားလုံးပဲမင်္ဂလာပါဗျာ.. ဟုတ်ကဲ့.. ကျွန်တော် ငယ်ငယ်က ဘာတွေ ကြိုက်ခဲ့တယ်ဆိုတာကိုတော့ မမှတ်မိတော့ဘူးဗျ... အကြိုက်တွေက အမြဲတမ်း ပြောင်းလဲနေတယ်ဆိုတော့လေ.. အခုလက်တလောတော့ အစားအစာဆိုရင် ဟင်းသီးဟင်းရွက်တွေကိုပဲ စားဖြစ်နေတယ်.. (ကြိုက်၍တော့မဟုတ်ပါ. ငွေရေးကြေးရေး အခြေအနေကြောင့်သာ) အသားတွေ စားချင်စိတ်မရှိဘူး... ထမင်းစားပြီးတိုင်းတော့ အသီးတစ်ခုခု စားဖြစ်တယ်ဗျ (စိတ်ကူးထဲတွင်..) ကျွန်တော်က ထမင်းစားရတာထက် အဲလို အသီးတွေ စားရတာ ပိုကြိုက်တယ်.။ မနက်စာဆိုရင် ပေါင်မုန့်နဲ့ ကြက်ဥကြော်ရယ်. ကော်ဖီရယ်. ဒါပဲစားဖြစ်တယ်.. သူငယ်ချင်းတွေနဲ့ အပြင်သွားဖြစ်တယ် ဆိုရင်တော့ Season က ချိစ့်ပေါင်မုန့်နဲ့ သီးစုံဒိန်ချဉ် အမြဲသောက်ဖြစ်တယ်. (ဈေးအနည်းဆုံး ဖြစ်ပါသဖြင့်) ကျွန်တော် ကြိုက်တယ်ဗျ.။
Cosmetics တွေဆိုရင် NIVEA Set လိုက် သုံးဖြစ်တယ်. ကျွန်တော် အသားအရေနဲ့ အဆင်ပြေတယ်ဗျ. ပြီးတော့ အနံ့ကိုလဲ ကြိုက်တယ်. (စကားလှအောင် ရေးသားခြင်း ဖြစ်ပါသည်.။ အမှန်မှာ တန်းဖိုးအားဖြင့် သင့်လျော်ခြင်း ကြောင့်သာ ဖြစ်ပါသည်။).. ရေးမွှေးကတော့ Rico အစိမ်းကို စွတ်ဖြစ်နေတယ်. အနံ့လေးက တော်တော် အဆင်ပြေတယ်. လူကို Fresh ဖြစ်စေတယ်. နောက်ပြီတော့ L’afair.. ဒီကောင်ကတော့ သူငယ်ချင်း တစ်ယောက် မွေးနေ့လက်ဆောင်ပေးထာတာ. ဒါကိုလည်း ကြိုက်ပါတယ်. ဒါပေမယ် သူက Fresh ဖြစ်တဲ့ အနံ့ တော့မဟုတ်ဘူးဗျ… ခေါင်းလိမ်းဆီကတော့ CODE 10 Moisturising ကို သုံးဖြစ်တယ်..
အသုံးအဆောင် ပစ္စည်းတွေကို ပြောရမယ်ဆိုရင် ကျွန်တော်က Electronic ပစ္စည်းတွေကို သဘောကျတယ်.. ပထမဆုံး ပြောရမယ်ဆိုရင် SONY DSC-W310 Digital Camera အိန္ဒိယရောက်တုန်းက ဝယ်ခဲ့တာ. ဒီကောင်းလေက ကျွန်တော် ခရီး သွားရင်ပဲ ဖြစ်ဖြစ်.. သူငယ်ချင်းတွေနဲ့ လျှောက်လည်ရင်ပဲ ဖြစ်ဖြစ်.. အိမ်မှာ တစ်ယောက်တည်း ပျင်းနေရင်ပဲ ဖြစ်ဖြစ် ဒီကောင်းလေးက မရှိမဖြစ်ပဲ. ကျွန်တော့ရဲ့ Favorite အဖြစ်ဆုံးပစ္စည်းပေါ့ဗျာ. နောက်တစ်ခုက ကျွန်တော့ရဲ့ ဒီ Laptop လေး… Lenovo 3000 G430.. ဒီအထဲမှာဆို ကျွန်တော ရိုက်ခဲ့သမျှ ဓာတ်ပုံတွေ. ကျွန်တော် ကြိုက်တဲ့ သီချင်းတွေ ရုပ်ရှင်တွေ အားလုံးထည့်ထားတယ်. ပျင်းရင် ဖွင့်ပြီး တစ်နေ့လုံး ဒါလေးနဲ့ပဲ အဖော်ပြု ဖြစ်တယ်.။ နောက်တစ်ခုကတော့ ဖုန်းပါ. Acer beTouch E120 မော်ဒယ်. ဒီကောင်က ကျွန်တော် ထိုင်းနိုင်ငံရောက်တုန်းက ဝယ်ဖြစ်ခဲ့တာ.. (ထိုင်းဆိုပြီး အထင်မကြီး လိုက်ပါနှင့် ရွာသာသာ ရှိသော နယ်စပ်မြို့ ရနောင်းကို ပြောခြင်း ဖြစ်ပါသည်။) Android 2.1 ၊ သုံးရတာ အရမ်းအဆင်ပြေတယ်. လိုင်းဆွဲအားလည်း ကောင်းတယ်.. သီချင်း နားထောင် ရတာလဲ အဆင်ပြေတယ်.. ကျွန်တော်မှာ မရှိသေးဘူး.. အရမ်းလိုချင်နေတဲ့ ပစ္စည်းကတော့ Lenovo Tablet K1.. ကျွန်တော် အရမ်း လိုချင်နေတယ်.. ဝယ်ဖို့ ပိုက်ဆံ မလောက်သေးဘူးဖြစ်နေလို့.. ဘယ်လို ကြံရမလဲ ဆိုတာကိုပဲ စဉ်းစား နေတယ်.
အဝတ်အစား နဲ့ပတ်သက်ရင်တော့ ထွေထွေထူးထူး မရှိဘူးဗျ. ရုံးသွားရတာ များတော့ စတစ်အဖြူနဲ့ ပုဆိုပဲ ဝတ်တာများတယ်။ ဖိနပ်ဆိုရင်လဲ ကတ္တီပါ ဖိနပ်ပဲ စီးဖြစ်တယ်.။ တစ်ခါတစ်လေ သူငယ်ချင်းတွေနဲ့ အပြင် ထွက်ဖြစ်ရင်တော့ ပေါ့ပေါ့ပါးပါး စတိုင်ကိုပဲ ဝတ်ဖြစ်တယ်. Accessories ကို ပြောရမယ်ဆိုရင် နာရီ. လက်တလော ပတ်ဖြစ်နေတာကတော့ DM ပါ. ကျွန်တော်နဲ့ လိုက်တယ်ပြောတာနဲ့ မလဲဖြစ်သေးတာ.။ (မဟုတ်ပါ. အသစ် မဝယ် နိုင်းသေး၍သာ.) နောက်တစ်ခုကတော့ မျက်မှန်. ပါဝါရော နေကာရော တပ်ရတယ်. ရုံးသွားရင်ပဲ ဖြစ်ဖြစ် လျှောက်လည်ရင်ပဲ ဖြစ်ဖြစ် ဒီကောင့်ကို မတပ်လို့မဖြစ်ဘူး.။
အခုဆို ကျွန်တော် အကြိုက်တွေ ဖော်ပြပေးသွားတာ တော်တော်လဲ စုံသွားပြီ ဖြစ်လို့ အားလုံးလဲ ကျေနပ် ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်.။ အားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေလို့ ဆုတောင်းရင်း ကျွန်တော်ရဲ့ Blogger Favorite Post လေးကို ဒီတင်ပဲ အဆုံးသတ်ပါရစေခင်ဗျာ. အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ…

Oct 6, 2011

ပျော်အောင်နေပါ


ဖြစ်ပြီးသမျှ ပြန်ပြင်လို့မရသလို အနာဂတ်ကိုလည်း ဖန်တီးလို့မှမရနိုင်တဲ့အတွက် လက်ရှိ ပစ္စုပ္ပန် မှာပဲ ကောင်းအောင်နေရင် ဖြစ်ပါတယ်။ ဘာကိုမှ စိတ်ညစ်မနေဘဲ စိတ်ကို အရှင်းဆုံးနဲ့ အဖြူစင်ဆုံး ထားလိုက်နိုင်ရင် ဘဝဟာ သာယာပျော်ရွှင်နိုင်မှာ အသေချာပါပဲ။

--
Karyanmelt

CBox

About Me

My photo
လူတွေထဲက လူဆိုပေမယ့် လူအများစုနဲ့ ကွဲပြားနေပါတယ်.။ ဆန့်ကျင်တဲ့ အမြင်တွေ မရှိပေမယ့် ဆန့်ကျင်ဘက် ဘ၀နဲ့..........