Jan 19, 2012

ကျွန်တော်၏ လိုအပ်ချက်သာ...

ကျွန်တော် သိတတ်စအရွယ်မှစ၍ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်သည့် ကျွန်တော် ကောင်းမှုကုသိုလ် အလှူအတမ်းတွေ ပြုလုပ်ခဲ့ပါသည်။ ထိုသို့ လှူဒါန်း ခဲ့ရာတွင် အမှန်တကယ် အကူအညီ လိုအပ်သည့်နေရာ၊ တကယ့်ကို ကူညီသင့်သည့် နေရာ ဖြစ်ခဲ့သည်က ရှားသည်။ ကျွန်တော်အနေဖြင့် ကိုယ်ကောင်းရာမွန်ရာရောက်ဖို့ ဆိုသည့် ရည်ရွယ်ချက်ဖြင့် ဘုရားတွင် လှူသည် ဘုန်းကြီးကျောင်းများတွင် လှူသည်.။ ဒုက္ခရောက်နေသူ၊ အမှန်တကယ် အကူအညီလိုနေသူများကို လှူဖို့ မစဉ်းစားမိခဲ့.။

ကျွန်တော်... လူမှုရေးအကူအညီပေးသည့် အဖွဲ့အစည်းများကို အားကျသည်.။ စိတ်ရင်းဖြင့် ဂုဏ်ယူမိသည်။ ထိုကဲ့သို့သော အဖွဲ့အစည်းများ များစွာလိုလားသည်. ကျွန်တော်ကိုယ်တိုင်လည်း ပါဝင်ခွင့်ရချင်သည်.။ ကျွန်တော်ကိုယ် ကျွန်တော် အားမရသည်က ကျွန်တော် ဘာကြောင့်များ ဒီလိုအဖွဲ့အစည်းတွေမှာ မပါဝင်နိုင်သည်ကိုပင်.။ အချိန်မရှိလို့လားဆိုရအောင် အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်နေတဲ့ ကျွန်တော် အဲလောက်အလုပ်ရှုပ်သူမဟုတ်.။ ကကယ်တော့ ကျွန်တော်ကိုယ်တိုင်က စိတ်အားမထက်သန်လို့များလား.?

0 မှတ်ချက်:

CBox

About Me

My photo
လူတွေထဲက လူဆိုပေမယ့် လူအများစုနဲ့ ကွဲပြားနေပါတယ်.။ ဆန့်ကျင်တဲ့ အမြင်တွေ မရှိပေမယ့် ဆန့်ကျင်ဘက် ဘ၀နဲ့..........