ဟန်ဆောင်အပြုံးတုနဲ့
မင်းရဲ့ အချစ်တွေကို ငါဖမ်းစားနိုင်ခဲ့ပေမယ့်
မင်းရင်ထဲက အချစ်စစ်တွေကို ငါမမြင်နိုင်ခဲ့ဘူး..။
ငါ့ရဲ့ အပြုံးတွေ စစ်မှန်လာတဲ့အချိန်
မင်းရဲ့ အချစ်တွေကို ငါမြင်နိုင်ခဲ့ပေမယ့်
မင်းရဲ့ အကြည့်တွေ အေးစက်လာသလိုပဲ.။
ကိုယ်ကိုယ်တိုင် မသိလောက်အောင်
ကျိုးနွံခဲ့တဲ့ ငါ့ရဲ့နှလုံးသားတစ်ခု
နောက်ထပ် အချစ်ကို မမြင်တွေ့နိုင်တော့တဲ့အချိန်မှာ.....
ကာရံမလှတဲ့ အဆုံးသတ်နဲ့...........
3 မှတ်ချက်:
အားပေးနေပါတယ်။
ကာရံလှလှလေးတွေ အမြန်ဆုံး သီကုံး နိုင်ပါစေရှင်..။
အဆုံးသတ်ခါနီးလေးမှာ ခံစားသွားရတယ်...။
အားပေးနေတယ်နော်..ညီလေး....
ခင်မင်တတ်တဲ့
ဏီလင်းညို
Post a Comment