မသိတတ်သေးတဲ့ နှလုံးသားကို လှုပ်နှိုးလို့
ကဗျာတွေ ရေးတတ်အောင် သင်ပေးခဲ့တယ်...။
မခံစားတတ်သေးတဲ့ နှလုံးသားကို လှုပ်နှိုးလို့
အချစ်တွေကို ခံစားစေခဲ့တယ်...။
အမှတ်တရတွေ မရှိသေးတဲ့ နှလုံးသားကို
အမှတ်တရတွေ ပေးစွမ်းခဲ့တယ်.။
သတိမရတတ်တဲ့ ငါ့ရဲ့အကျင့်ကို
သတိရအောင် ပြောင်းလဲပေးခဲ့တယ်.။
အရာအားလုံးကို သင်ပေးခဲ့တဲ့မင်းက
ငါ့ရဲ့အဝေးကိုထွက်ခွာပြီး နောက်ဆုံးသင်ခန်းစာ
အလွမ်းဆိုတာကို သင်ကြားပေးခဲ့တာလားကွာ.....။
ကဗျာတွေ ရေးတတ်အောင် သင်ပေးခဲ့တယ်...။
မခံစားတတ်သေးတဲ့ နှလုံးသားကို လှုပ်နှိုးလို့
အချစ်တွေကို ခံစားစေခဲ့တယ်...။
အမှတ်တရတွေ မရှိသေးတဲ့ နှလုံးသားကို
အမှတ်တရတွေ ပေးစွမ်းခဲ့တယ်.။
သတိမရတတ်တဲ့ ငါ့ရဲ့အကျင့်ကို
သတိရအောင် ပြောင်းလဲပေးခဲ့တယ်.။
အရာအားလုံးကို သင်ပေးခဲ့တဲ့မင်းက
ငါ့ရဲ့အဝေးကိုထွက်ခွာပြီး နောက်ဆုံးသင်ခန်းစာ
အလွမ်းဆိုတာကို သင်ကြားပေးခဲ့တာလားကွာ.....။
2 မှတ်ချက်:
တစ်ခါတစ်လေမှာ ဒီလိုဘဲ အချစ်ကြောင့် ကဗျာတွေမွေးဖွားလာရတယ်။ တစ်ခါတစ်လေမှာတော့ အချစ်ရဲ့  သင်ခန်းစာတွေက ကဗျာတွေဖြစ်လာပြန်ရော။
ပျော်ရွှင်ပါစေ ညီ။
ညီလေးရေ...
ဟုတ်တယ်...
ကိုကိုမောင်ပြောသွားသလိုပဲ...။
(သင်ခန်းစာ မလိုက်နိုင်လို့ အစ်ကိုတို့တော့ အချစ်ကျောင်းက ထွက်ခဲ့တာကြာပြီ...:D..)
ခင်မင်တဲ့
ဏီလင်းညို
Post a Comment