အလိုလိုကျဆင်းလာတဲ့ မျက်ရည်တွေကို ငါမထိန်းချုပ်နိုင်ခဲ့ဘူး..။ အခန်းကျဉ်းလေးတစ်ခုက ထောင့်တစ်နေရာမှာ ထိုင်နေရင်း. ပြတင်း တံခါး တစ်ပေါက်ကို ငါဦးတည် ငေးမောနေမိတယ်.။ ညင်သာစွာ တိုးဝင်လာတဲ့ လေနုအေးက ငါ့ကိုပြောသွားတယ်.. ....ဝမ်းနည်းနေလားတဲ့.... ။
အကြိမ်ကြိမ် ကြားယောင်နေမိတဲ့ မင်းရဲ့အသံ. အကြိမ်ကြိမ် မြင်ယောင်နေမိတဲ့ မင်းပုံရိပ်တွေ ငါမေ့ပျောက်ဖို့ အချိန်တန်ပြီထင်တယ်.။ အကြိမ်ကြိမ် ငါကြိုးစားခဲ့ပေမယ့် ရေပြင်ပေါ် အရုပ်ရေးဆွဲသလိုပဲ အရာမထင်ခဲ့ဘူးကွာ..။ အရင်က မင်းပေးခဲ့တဲ့ အမှတ်တမဲ့တွေက အခုတော့ ငါ့အတွက် အမှတ်တရတွေ ဖြစ်နေတာ မင်းဘက်ကရော နားလည်ပေးနိုင်ပါ့မလား..။ ထားလိုက်ပါတော့လေ.... အရာရာ မတည်မြဲတတ်တဲ့ လောကကြီးမှာ မတည်မြဲမှုကို ကြုံတွေ့ရမှာမို့ ရဲရဲကြီး ရင်ဆိုင်ရမှာပဲ. . . . . .။
3 မှတ်ချက်:
စိတ်သစ် လူသစ်နဲ့ အမြန်ဆုံး ပြန်နိုးထလာနိုင်ပါစေရှင်..။
ကိုယ့်ဆရာ တကယ်လွမ်းနေတာထင်တယ်။
ခံစားရတာခြင်းတူနေတယ်ထင်တယ်ဗျာ..
လာလည်ပြီး ကျွန်တော်လည်း လွမ်းသွားပါတယ်...
Post a Comment