Feb 11, 2010

သာမန် ၁၄ ရက်နေ့

သေဆုံးပြီးတဲ့ အချစ်တွေဟာ ပြန်လည် ရှင်သန်ဖို့ ခက်ခဲတာလား.။ ဒါမှ မဟုတ် ချစ်ခဲ့ဖူးတဲ့ အချစ်ကို မေ့လို့မရနိုင်တာလား.။ သေချာ ရေရာတဲ့ အဖြေကို မသိ ပေမယ့်.. ချစ်ခဲ့သူ တစ်ယောက် အကြောင်းကို တွေးမိတိုင်း ဒီရင်ဘက်ကြီးက ဘာမှန်းမသိတဲ့ ခံစားချက် တစ်ခုကို ခံစားမိနေတယ်.။ မဖြစ်နိုင်တာ သိသိကြီးနဲ့ မျှော်လင့်မိတဲ့ ကျွန်တော်ရဲ့ ရူးမိုက်မှု....။ တစ်ခါ တစ်ခါ ကိုယ့်ကိုယ်ကိုယ် ပြန်မေးရင်း အတွေးတွေနဲ့ လမ်းဆွေး နေတဲ့ ကျွန်တော်.။ ဒီလိုနဲ့ပဲ ကျွန်တော်အဖို့ ဖေဖော်ဝါရီ ၁၄ ဆိုတာ သာမန် နေ့လေး တစ်နေ့ကို ကုန်ဆုံးသွားမှာပါပဲလေ.။

4 မှတ်ချက်:

ဇောင်း said...

ဟုတ်တယ်ဗျာ
ဖေဖော်ဝါရီ ၁၄-ရက် က သာမန်ဆိုမှ တစ်ကယ့်ကို သာမန် နေ့လေးတစ်နေ့ပါပဲ....

သူများတွေ သတ်မှတ်ထားလို့သာ V'day လို့ သိရတာ၊ ကျွန်တော့်အတွက်တော့ ထူးခြားဘူးဗျာ၊ ဘေးနားမှာမရှိလို့ :P

ZaUnG

~ဏီလင်းညို~ said...

ညီလေးရေ...
အစ်ကိုလည်း အတူတူပဲလေ...
ဘာမှ အားမငယ်နဲ့...
အဖော်တွေ...သူငယ်ချင်းတွေမှ အများကြီးဟာကိုးးးး
ခင်မင်တဲ့
ဏီလင်းညို

ညလင်းအိမ် said...

ဟာ ဒါဆိုလာခဲ့ဗျာ ... ကျွန်တော်ကတော့ အစီအစဉ်ရှိတယ်.. အဟဲ .. ၀ါသနာပါရင်ပေါ့ ...

စံလင်းထွန်း said...

တူတူပါပဲဗျာ ...။

အားပေးသွားပါတယ်။

CBox

About Me

My photo
လူတွေထဲက လူဆိုပေမယ့် လူအများစုနဲ့ ကွဲပြားနေပါတယ်.။ ဆန့်ကျင်တဲ့ အမြင်တွေ မရှိပေမယ့် ဆန့်ကျင်ဘက် ဘ၀နဲ့..........