Jan 22, 2010

တစ်ခါတစ်ခါ

အပြောင်းအလဲ များစွာ တွေ့ကြုံနေရတဲ့ လောကကြီးကို တစ်ခါ တစ်ခါ စိတ်ပျက် လာမိတယ်.။ မထင်မှတ်တဲ့ အဖြစ်တွေ.. မထင်မှတ်တဲ့ တွေ့ဆုံမှုတွေဟာ တည်ငြိမ်နေတဲ့ ငါ့ဘဝကို လှုပ်ခါစေခဲ့တာ...။ တစ်ခါ တစ်ခါ ကိုယ်ပြော လိုက်တဲ့ စကား တစ်ခွန်းအတွက် သူများ ရင်မှာ ခံစားမှု တစ်ခု ဖြစ်သွားစေခဲ့ သလိုပဲ. သူတို့ ပြောလိုက်တဲ့ စကားတစ်ခွန်းဟာ ငါ့ကို လှုပ်ခါ သွားစေခဲ့တယ်.။ တစ်ခါ တစ်ခါ ငါ့ဘေးမှာ အားပေးဖော် အပေါင်းအသင်းတွေ ရှိနေပေမယ့်. တစ်ခါ တစ်ခါ ငါတစ်ယောက်တည်း ဝမ်းနည်း နေရတတ်တယ်.။ တစ်ခါ တစ်ခါ ငါ ဟပ်ဟပ် ပတ်ပတ် ရယ်ခဲ့ရ ဖူးသလို တစ်ခါ တစ်ခါ ရင်ကွဲမတတ် ငိုခဲ့ရဖူးတယ်.။ တစ်ခါ တစ်ခါသော နေ့ရက်တွေကို ဖြတ်ကျော် ရင်းနဲ့ပဲ ငါဟာ . . . . .




5 မှတ်ချက်:

မြတ်မွန် said...

လောက ဆိုတာ...
အပြောင်းလဲ သိပ်မြန်တယ်။
လောကဓံရဲ့ လှိုင်းတွေကြား အလိုက်သင့်လေး ကူးခတ်တက်ဖို့ လိုတယ် ကာရံရဲ့...။

ညလင်းအိမ် said...

ဒီလိုပါပဲ ကာရံမဲ့ရယ်...
ကျွန်တော်တို့က လူတွေဆိုတော့ ဒီလောကဓံထဲမှာပဲ ပျော်ရွှင်မှုကိုရှာ ၀မ်းနည်းမှုကိုခံယူလို့ နေရအုန်းမှာပဲ...
မျက်နှာသာ မပေးတဲ့ လောကကြီးကို တခါတခါ ကျေးဇူးတင်မိပါတယ်...
သူကြောင့် ကျွန်တော်တို့ကို ပိုရင့်ကျက်စေတယ်လေ...

ခင်မင်စွာဖြင့်
ညရဲ့ကောင်းကင်

~ဏီလင်းညို~ said...

ညီလေးရေ...
ဘာတွေဖြစ်နေလဲဗျာ....။
အဆင်ပြေပါစေနော့...။
လောကကြီးမှာ ဘယ်နေရာဖြစ်ဖြစ်...ဟန်ချက်ညီအောင်နေနိုင်ရင် အကောင်းဆုံးပဲလို့ အစ်ကိုတော့ထင်တယ်လေ....။
ပျော်ရွှင်ပါစေညီလေးတစ်ယောက်....
ခင်မင်တဲ့
ဏီလင်းညို

စိတ်၏ဖြေရာ said...

ကျွန်မလည်းတစ်ခါတစ်ခါကာရံမဲ့လိုဘဲခံစားဖူးပါတယ်။
ဘ၀ဆိုတာဒီလိုပါဘဲ။ပျော်တစ်လှည့်၊စိတ်ညစ်စရာ
တလှည့်၊အဆင်ပြေတလှည့်၊မပြေတလှည့်ပါ။
ဒါလောကဓံလေ။

Unknown said...

ဟုတ်တယ်အစ်ကိုရ..လောကကြီးက အဲ့လိုပဲ

CBox

About Me

My photo
လူတွေထဲက လူဆိုပေမယ့် လူအများစုနဲ့ ကွဲပြားနေပါတယ်.။ ဆန့်ကျင်တဲ့ အမြင်တွေ မရှိပေမယ့် ဆန့်ကျင်ဘက် ဘ၀နဲ့..........