Jan 10, 2010

ပေးဆပ်အချစ်

အတွေးတွေ နယ်ချဲ့
လေနှင်ရာ လွင့်မျောနေတဲ့
တိမ်တွေကို ငေးမောမိတဲ့ငါ....

နေပူကျဲကျဲမှာ
ခြေဗလာ ထီးမပါ
လျှောက်သွားနေတဲ့ သူရူးတစ်ယောက်လို
ငါ့လည်း မင်းကြောင့် အချစ်ရူးတစ်ယောက်
ဖြစ်နေရပြီကွာ.။

ရေစီးကို ဆန်တက်နေတဲ့
ပင်လယ်ငါးတစ်ကောင်လို
ငါ့အချစ်ကို ငြင်းဆန်နေတဲ့
မင်းရဲ့နှလုံးသားကိုမှ ရယူချင်နေမိတယ်.။

အချစ်နဲ့ စစ်မှာ
မတရားတာ မရှိဘူးဆိုတဲ့ စကားပုံလို
မင်းအချစ်ကို ရူးရူးမိုက်မိုက် တောင်းခံမိတဲ့ငါ့အချစ်ကို
ပေးဆပ်အချစ်ဟာ
မြင့်မြတ်ပါတယ်ဆိုတဲ့ မင်းရဲ့ ဆန့်ကျင်ဘက်အမြင်နဲ့
ငါ့ရဲ့ အချစ်ကိုတော့ မစော်ကားလိုက်ပါနဲ့ကွာ.။

အချစ်ကြီးလို့ အရှုံးကြီးရှုံးနေတဲ့ငါ
မင်းယုံကြည့်ထားတဲ့ မြင့်မြတ်တဲ့အချစ်တွေနဲ့
ငါ့နှလုံးသားကို စတေးလို့
ပေးဆပ်ရင်းနဲ့.........ငါ...မင်းကိုချစ်နေမယ်.။




2 မှတ်ချက်:

မြတ်မွန် said...

အချစ်သည် ပေးဆပ်ခြင်း မဟုတ် .......
ချစ်၍ ပေးဆပ်ချင်လာသည်။
အားပေးလျှက်ပါ ကာရံမဲ့ ရေ.......။

~ဏီလင်းညို~ said...

ညီလေးရေ...
စွန့်လွှတ်ပေးဆပ်ခြင်းဆိုတာ စကားလုံးလေး နည်းပေမယ့် ခံစားရတာ မသက်သာတတ်ဘူးနော်...။
ခင်မင်တဲ့
ဏီလင်းညို

CBox

About Me

My photo
လူတွေထဲက လူဆိုပေမယ့် လူအများစုနဲ့ ကွဲပြားနေပါတယ်.။ ဆန့်ကျင်တဲ့ အမြင်တွေ မရှိပေမယ့် ဆန့်ကျင်ဘက် ဘ၀နဲ့..........