Jan 2, 2010

ပန်းကာရံ

ဝင့်ကြွားဟန်လှ သူထင်ပြဖို့
ဖူးငုံဘ၀ သူစခဲ့ပြီ....။
မြင်သူစွဲမက် ခူးယူစွပ်ဖို့
တင့်စွာကြွကြွ သူပွင့်ခဲ့ပြီ..။
မွှေးရနံ့သင်း ထုံပျံ့သင်းလို့
သူ့ဂုဏ်သတင်း ကျော်စောခဲ့ပြီ..။
အချိန်တာကာလ ကုန်ကာရောက်တော့
ပွင့်ဖတ်လွှာတို့ ရော်ဝါခဲ့ပြီ..။
အော်... မြေမခပန်း ဘယ်မှာရှိအံ့နည်း...။



4 မှတ်ချက်:

~ဏီလင်းညို~ said...

ညီလေးရေ...
ဟုတ်တယ်... သဘာဝကိုလွန်ဆန်ချင်လို့မှမရတာနော့်
ခင်မင်တဲ့
ဏီလင်းညို

မြတ်မွန် said...

ပန်းကဗျာလေး လှတယ်..
အားပေးလျှက်ပါ ကာရံ...

ညလင်းအိမ် said...

အော်... မြေမခပန်း ဘယ်မှာရှိအံ့နည်း...။

မိုက်တယ်ဗျာ.. နာမည်ကသာ ကာရံမဲ့ ... ကဗျာတွေကတော့ အနှစ်တွေပဲဗျ...

နေမိုးဝေ said...

ကဗျာလေးက သံဝေဂ ရ ချင်စရာလေး နော်

CBox

About Me

My photo
လူတွေထဲက လူဆိုပေမယ့် လူအများစုနဲ့ ကွဲပြားနေပါတယ်.။ ဆန့်ကျင်တဲ့ အမြင်တွေ မရှိပေမယ့် ဆန့်ကျင်ဘက် ဘ၀နဲ့..........