Jan 8, 2010

ရန်ကုန် ၆ လ

ရန်ကုန်မှာ မနေခဲ့ဘူးတဲ့ ကျွန်တော် သင်တန်း တက်ဖို့အတွက် (၆) လ ရန်ကုန်မှာ လာနေရတယ်လေဗျာ. အခုဆို (၄) လပြည့်တော့မယ်.။ ထူးထူး ခြားခြား ဒီနေ့နံနက် ကားစီးတာ စပယ်ယာက ပိုက်ဆံမယူဘူးဗျ.။ ၁၀၀၀ိ/-တန် ပေးလိုက်တော့. သူ့မှာ အကြွေအမ်းစရာ မရှိဘူးတဲ့..။ အင်း.. ဒီနေ့ တော့ အမြတ်ရလိုက်တယ်ဗျို့.. အရင်ကဆို ၅၀ိ/-ခရီး ၁၀၀ိ/- တန် ၂၀၀ိ/-တန် ပေးမိရင် သူတို့က ပြန်မအမ်း တော့ဘူးဗျ.။ ပြန် မအမ်းလို့လဲ သူ့တို့ကို ပြောရဘူး ဆရာရေ့ မဟုတ်ရင် လူကြား သူကြား အအော်ခံရမှာ.။ မှတ်တိုင် ဆင်းခါနီးရင်လည်း နောက်တစ်မှတ်တိုင် ဆင်းမှာမို့ ဒီမှတ်တိုင် အရပ်မှာ ကား တံခါးဝ သွားများ မရပ်လိုက်နဲ့ လူကို ဆွဲများ လုပ်တော့မဲ့ အတိုင်းပဲ အအော် ခံရမယ်.။ ဒါကြောင့် အမြဲတမ်း မှတ်တိုင် ရောက်ခါနီးမှ အပေါက်ကို ၀ရုန်းသုံးကား တိုးဝှေ့ထွက်ရတယ်.။ ဆင်းပြန်တော့လည်း နောက်မကျလိုက်နဲ့ နည်းနည်းလေးများ နှေးနှေး နှေးနှေးလုပ်မိလို့ကတော့ ကားပေါ်က ကန်ချခံရမယ် သာမှတ်.။ အင်း.. မလွယ်ပါလားနော်.။  :( 




6 မှတ်ချက်:

~ဏီလင်းညို~ said...

ညီလေးရေ...
မြန်မာပြည်မှာတုန်းက မြို့ထဲမှာကျူရှင်သွားတက်ရင် ဘတ်စ်ကားတိုးစီးခဲ့ရတဲ့ ကျောင်းသားဘ၀လေးကို ပြန်သတိရသွားမိတယ်...။
(ဒါနဲ့ အခု ဟိုနား...ဒီနား...ဆို ကားခ ဘယ်လောက်လဲဟင်...)
ခင်မင်တဲ့
ဏီလင်းညို

ကာရံမဲ့ said...

၅၀ိ/- ပါခင်ဗျာ... ၁၀၀ိ/- ပေးရင်တော့ အမ်းဘူးနော်.. :) :P

စိတ်၏ဖြေရာ said...

ကျွန်မလည်းရန်ကုန်မှာတုန်းကလူကြားထဲ
အော်တတ်တဲ့စပယ်ယာတွေကိုကြောက်တယ်ရှင့်။
ပိုငွေကိုလည်းပြန်မတောင်းရဲလို့အရွက်သေးဆောင်
ထားရပါတယ်။

မြတ်မွန် said...

ဟုတ်တယ် ရန်ကုန်ပြန်တုန်းက လိုင်းကားတိုးစီးလိုက်သေးတယ်။
လိုင်းကားစီးရတာ မြင်းစီးရသလိုဘဲနော်..ကဆုန်ပေါက်နေတာ။
ညလဲရောက်ရော တင်ပါးတွေနာနေရော နေရာရလို့ ထိုင်စီးလိုက်ရတာလေ ။:)

ဇောင်း said...

ရန်ကုန်မှာတုန်း လိုင်းကား စီးရတာ ကို သတိရမိတယ်ဗျာ၊

စပါယ်ရာတွေကြမ်းတာ ဆဲတာတော့ ဆလံတင်တယ်၊ ၁၀၅ စီးတုန်းက မောင်းတာကတော့ 007 တောင် အရှုံးပေးရတယ်.... စပါယ်ရာကိုလည်း ကြောက်ရ၊ မောင်းဆရာကိုလည်း လန့်ရ.... :D

ZaunG

ကျော်ညိုသွေး said...

200 တန်ပေးပြီး ပိုက်ဆံပြန်မအမ်းတာတော့ မင်းကြောက်ပြီး မတောင်းတာမဟုတ်လား။ ကိုယ်တို့ကတော့ ပြန်မအမ်းရင် ကောင်းကောင်း ပြဿနာ ရှာပစ်လိုက်မှာ သိတယ်မလား ဟင်းဟင်း

CBox

About Me

My photo
လူတွေထဲက လူဆိုပေမယ့် လူအများစုနဲ့ ကွဲပြားနေပါတယ်.။ ဆန့်ကျင်တဲ့ အမြင်တွေ မရှိပေမယ့် ဆန့်ကျင်ဘက် ဘ၀နဲ့..........