Jan 14, 2010

ကျွန်တော်ခံယူထားတဲ့ အရောင်



အနီရောင် အချစ်ရဲ့ သင်္ကေတ မိုက်ရူးရဲဆန်တဲ့ သဘောရှိတယ်.။
အပြာရောင် သစ္စာတရားရဲ့ သင်္ကေတ တည်ကြည်ခြင်းလို့ သဘောရောက်တယ်.။
အစိမ်းရောင် မေတ္တာ တရားရဲ့ သင်္ကေတ အေးမြခြင်းကို ဖော်ဆောင်တယ်.။
အဖြူရောင် ဖြူစင်ခြင်းရဲ့ သင်္ကေတ နုညံ့မှုကို ရည်ညွှန်းတယ်.။
အနက်ရောင် တင်းမာမှုရဲ့ သင်္ကေတ အတ္တကို ဖော်ဆောင်တယ်.။
အနီနဲ့ အပြာနဲ့ ပေါင်းရင် ခရမ်းရောင် ရသလို
အချစ်နဲ့ သစ္စာကို ပေါင်းခဲ့ရင် တည်မြဲမှုကို ရနိုင်တယ်.။
အနီနဲ့ အစိမ်းနဲ့ ပေါင်းခဲ့ရင် အ၀ါရောင် ရလာသလို
အချစ်နဲ့ မေတ္တာကို ပေါင်းခဲ့ရင် ပျော်စရာတွေ ရလာမှာပါ.။
အနီနဲ့ အဖြူကို ပေါင်းစပ်ခဲ့ရင် ပန်းရောင် ရသလိုပဲ
အချစ်နဲ့ ဖြူစင်မှုကို ပေါင်းခဲ့ရင် နွေးထွေးမှုတွေ ရလာနိုင်တယ်.။
အနီနဲ့ အနက်နဲ့ ပေါင်းခဲ့ရင် ကြက်သွေးရင့်ရင့်ကို မြင်ရသလိုပဲ
အချစ်နဲ့ အတ္တကို ပေါင်းခဲ့ရင် အမျက်ဆိုတဲ့ နာကြည်းမှုတွေ ရတတ်ပါတယ်.။

3 မှတ်ချက်:

မြတ်မွန် said...

မှန်လိုက်တဲ့ စာသားလေးတွေပါပဲ။
အဖြူရောင်နဲ့ အမဲရောင်လည်းပေါင်းစပ်လို့မရဘူးနော်။ ဆန့်ကျင်ဘက် ဖြစ်နေတဲ့ အရောင်နှစ်ရောင်အတွက် ပေါင်းစပ်ဖို့ရာ မဖြစ်နိုင်ဘူးနော်.....။

~ဏီလင်းညို~ said...

ညီလေးရေ....
ဒီကဗျာလေးကောင်းတယ်ဗျာ...။
အဓိပ္ပါယ်လေးတွေနဲ့နော်...
ခင်မင်တဲ့
ဏီလင်းညို

စံပယ်ချို said...

အဲလိုခံယူတာကောင်းတယ်....

CBox

About Me

My photo
လူတွေထဲက လူဆိုပေမယ့် လူအများစုနဲ့ ကွဲပြားနေပါတယ်.။ ဆန့်ကျင်တဲ့ အမြင်တွေ မရှိပေမယ့် ဆန့်ကျင်ဘက် ဘ၀နဲ့..........