Dec 18, 2009

ကာရံမဲ့ နှလုံးသား

ဟန်ဆောင်အပြုံးတုနဲ့
မင်းရဲ့ အချစ်တွေကို ငါဖမ်းစားနိုင်ခဲ့ပေမယ့်
မင်းရင်ထဲက အချစ်စစ်တွေကို ငါမမြင်နိုင်ခဲ့ဘူး..။
ငါ့ရဲ့ အပြုံးတွေ စစ်မှန်လာတဲ့အချိန်
မင်းရဲ့ အချစ်တွေကို ငါမြင်နိုင်ခဲ့ပေမယ့်
မင်းရဲ့ အကြည့်တွေ အေးစက်လာသလိုပဲ.။
ကိုယ်ကိုယ်တိုင် မသိလောက်အောင်
ကျိုးနွံခဲ့တဲ့ ငါ့ရဲ့နှလုံးသားတစ်ခု
နောက်ထပ် အချစ်ကို မမြင်တွေ့နိုင်တော့တဲ့အချိန်မှာ.....
ကာရံမလှတဲ့ အဆုံးသတ်နဲ့...........

3 မှတ်ချက်:

နွေဆူးလင်္ကာ said...

အားပေးနေပါတယ်။

မြတ်မွန် said...

ကာရံလှလှလေးတွေ အမြန်ဆုံး သီကုံး နိုင်ပါစေရှင်..။

~ဏီလင်းညို~ said...

အဆုံးသတ်ခါနီးလေးမှာ ခံစားသွားရတယ်...။
အားပေးနေတယ်နော်..ညီလေး....

ခင်မင်တတ်တဲ့
ဏီလင်းညို

CBox

About Me

My photo
လူတွေထဲက လူဆိုပေမယ့် လူအများစုနဲ့ ကွဲပြားနေပါတယ်.။ ဆန့်ကျင်တဲ့ အမြင်တွေ မရှိပေမယ့် ဆန့်ကျင်ဘက် ဘ၀နဲ့..........