Dec 28, 2009

ကာရဲ့မဲ့ခဲ့သော အချစ်

အချစ်ဆိုတာ ဖန်တီးယူလို့မရဘူးတဲ့.... ကိုယ်ကိုယ်တိုင် ခံယူထားတဲ့ အမှန်တရား တစ်ခုပါ.။ ဖန်တီးယူလို့ မရသလို မေ့ပျောက်ဖို့လဲ မလွယ်ကူလှဘူးဗျာ.။ မထင်မှတ်တဲ့ ဆုံတွေမှုတွေက မထင်မှတ်တဲ့ အမှတ်တရတွေ ဖြစ်ခဲ့ပြီးတဲ့ နောက်ပိုင်း မင်းရဲ့ ပုံရိပ်တွေ ငါ့စိတ်မှာ အမြဲတမ်း လွှမ်းမိုးနေခဲ့တာ..။ အမှတ်တမဲ့ ခိုဝင်လာတဲ့ မင်းရဲ့ ယုယမှုတွေ.၊ မင်းရဲ့ အပြုံးတွေ .။ လူတိုင်းအပေါ် အနိုင်ယူတတ်တဲ့ ငါ့ရဲ့စိတ်ကို မင်းအနိုင်ယူလို့ ငါ့ကို ဒူးထောက် ခစားစေခဲ့တယ်.။

မုန်တိုင်း ထန်ပြီးရင် လေပြေတွေ လာတတ်တယ်တဲ့... လူတွေ ပြောကြတယ်.။ ဒါပေမယ့် မုန်းတိုင်း တွေကြောင့် ပျက်စီး သွားတဲ့ ဆုံးရှုံးမှုတွေကို ဘယ်လို ဖြေသိမ့်မလဲ..။ လေပြေတွေနဲ့ ငြိမ်သက်သွားတဲ့ အချိန်တွေ ကြာခဲ့တာတောင် ငါတို့ရဲ့ ဆုံးရှုံးမှုတွေဟာ အသားမကျ ခဲ့သေးဘူးကွား...။ ဒဏ်ရာဆိုတာ ပျောက်သွား ခဲ့ရင်တောင် အမာရွတ်လေး ကျန်တတ်တာ ငါသိသလို ငါ့တို့ နှစ်ယောက်ကြားက ဒဏ်ရာတွေ ဟာလည်း အမာရွတ်တွေ ထင်ကျန်နေတော့...။ အမာရွတ်ဆိုတာ ဒဏ်ရာဖြစ်စေတဲ့ အကြောင်းကို ပြန်ဖော်ပေးတဲ့ ဗီဒီယို မှတ်တမ်းတစ်ခု ဆိုရင် အဲဒီ မှတ်တမ်းခွေလေး ပျက်စီး သွားရင် ကောင်းမယ်.။ အရင်ကလို ပြန်မဖြစ်နိုင် တော့ရင်တောင် အမုန်းမရှိတဲ့ မင်းရဲ့ အဖြူသက်သက် အပြုံးတွေကို ငါမျှော်လင့်မိတယ်.။

ငါသာ မင်းကို ပြောခွင့်ရှိအုံးမယ်ဆိုရင်...........
``........ချစ်တယ်ကွာ.......´´




3 မှတ်ချက်:

မြတ်မွန် said...

ကာရံလှလှလေး တွေ့အုံးမှာပါ ကာရံမဲ့ရေ..။
အားမငယ်ပါနဲ့..။
လူတိုင်းမှာ သင့်တော်မဲ့ ကာရံလေးတွေ ရှိတက်ကြပါတယ်။

ညလင်းအိမ် said...

ကာရံမဲ့ရေ ထပ်တူထပ်မျှခံစားရပါတယ်ဗျာ...

~ဏီလင်းညို~ said...

သြော်... အချစ်...အချစ်....အင်းးးးးးးး
ခင်မင်တဲ့
ဏီလင်းညို

CBox

About Me

My photo
လူတွေထဲက လူဆိုပေမယ့် လူအများစုနဲ့ ကွဲပြားနေပါတယ်.။ ဆန့်ကျင်တဲ့ အမြင်တွေ မရှိပေမယ့် ဆန့်ကျင်ဘက် ဘ၀နဲ့..........